ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၉.၁.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၈၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၆၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၆.၁.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၅၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၂၀၀ကျပ် တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀ဝကျပ် ဈေးများမြင့်တက်ကာ ဖွဲနုတစ်အိတ် ၃၆၀ကျပ် ဈေးကျ၍ ဆန်ကွဲ B(2,3,4)ဈေးများ တည်ငြိမ် လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)(သစ်)နှင့် ဆန်ကွဲB(2,3,4) ဖွဲနု ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွား ခြင်းဖြစ်ပြီး ဆန်ကွဲB(2,3,4) ဈေးများကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်း သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့